အသက် ၅ နှစ်မှ ၁၀ နှစ်အရွယ်ကလေးများနှင့် လေးဖက်နာရောဂါ
30-Oct-2016
ဒီအရွယ် ကလေးကျောင်းက ပြန်လာတိုင်း ခြေထောက်လေးတွေ၊ လက်လေးတွေ နာနေတယ်ဆိုပြီး နှိပ်ပေး ခိုင်းတတ်တဲ့အရွယ်ပါ။ လေးဖက်နာရောဂါ ဖြစ်တတ်တာလည်းဒီအရွယ်ပင် ဖြစ်သည်။ ကျောင်းတွင် လူအများနှင့်ထိတွေ့ရာမှ အာသီးရောင်ပိုး ၀င်တတ်သည်။ အာသီးရောင်ပိုး ၀င်တာများလျှင် ASO ခေါ် အာသီးရောင် ပိုးကို တိုက်ခိုက်သည့် ခုခံဓာတ်အားတစ်မျိုး သွေးထဲတွင် များလာတတ်ပါသည်။ ဒါက လေးဖက်နာရောဂါ မဟုတ်သေး။ ASO များတိုင်း လေးဖက်နာဟု မယူဆစေလို။ ကလေးကျန်းမာရေးဆိုင်ရာအယူအဆအမှားများ စာအုပ်ထွက်ပြီးပါပြီ။
အသေးစိတ်ကို ထိုစာအုပ်ကို ညွှန်းပါရစေ ) ASO များသော ကလေး ၁၀ ယောက်တွင် နှစ်ယောက်ခန့်က ဒူးဆစ်၊ ခြေကျင်းဝတ် စသည့် အဆစ်ကြီးများ ရောင်ရမ်းတတ်သည်။အဆစ်အမျက်က ရေရှည်တွင်ပြန်ကောင်းရုံသာရှိသော်လည်း နှလုံးကိုပါ ထိခိုက်လျှင် လေးဖက်နာ နှလုံးရောဂါဖြစ်တတ်သည်။ ဒါကို မိဘများက စိတ်ပူကြခြင်းဖြစ်သည်။ ပူမည်ဆိုလျှင်တော့လည်း ပူစရာပါပေ။ လေးဖက်နာရောဂါ တကယ်ဖြစ်သည့်ကလေးကို ပင်နီစလင်ဆေး တစ်သက်လုံး တိုက်ကျွေး၍ နှလုံးထိခိုက်မှုကို ကာကွယ်ရသည်။ တကယ်ဖြစ်နေသော ကလေးကို ဆေးမတိုက်ထား မိပါက ရေရှည်တွင် နှလုံးခွဲစိတ်ကုသရခြင်း၊
အသက်အန္တရာယ် စိုးရိမ်ရခြင်းတို့အထိ ဆိုးရွားသော နောက်ဆက်တွဲ ပြဿနာများဖြစ်တတ်သည်မှာ မှန်သော်လည်း လေးဖက်နာရောဂါ တကယ်မရှိသော ကလေးကို ASO တက်နေသဖြင့် ပင်နီစလင်ဆေး တိုက်ကျွေးနေမည်ဆိုပါက လေးဖက်နာရောဂါမရှိဘဲ ASO တက်နေသည့် ကလေးပမာဏမှာ လေးဖက်နာရောဂါ တကယ်ရှိနေသူ ပမာဏထက် အဆငါးဆယ်ပို၍ တိုက်နေမိသည်ကိုလည်း ဆင်ခြင်သင့်လှသည်။ကျောင်းသွားအရွယ် ကလေးများတွင် လေဖက်နာရောဂါ မဟုတ်ဘဲ အဆစ်အမြစ်လေးများ ညနေစောင်းပိုင်းတွင် နာသည်၊ နာသည်ဟု ပြောနေတတ်သော စိတ်ပူစရာမလိုသည့် အခြေအနေတစ်မျိုးကလည်း အမှန်ပင် ရှိနေသည်။
Growing pain ဟုခေါ်ကြသည်။ အရပ်မြန်မြန် ရှည်ထွက်နေသော အရွယ်တွင် အရိုးထိပ်မှ အရိုးနုလေးများ ပွားနှုန်းမြန်နေသဖြင့် ပုံမှန်နာနေခြင်းဟု ပြောနိုင်သည်။ Growing painကခြေထောက်လေးတွေ၊ လက်လေးတွေ (နေရာတိတိကျကျ မရှဘဲ ဟိုနား သည်နား နာသည်ပြောပြီး ကလေးက နှိပ်ခြင်းနေခြင်းမျိုးဖြစ်ပြီး လေးဖက်နာ ရောဂါကတော့ ဒူး၊ ခြေချင်းဝတ်၊ တံတောင်၊ လက်ကောက်ဝတ် အစရှိသည့် အဆစ်ကြီးများ တစ်ချိန်တွင် တစ်ဆစ်စီ ပြောင်း၍ နီးမြန်းရောင်ရမ်းခြင်းဖြစ်သည်။ မသင်္ကာလျှင်တော့ မိသားစုဆရာဝန်နှင့် တိုင်ပင်ကြည့်သင့်ပါသည်။
Ref:
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစု စောင့်ရှောက်နည်းများ
ပါမောက္ခ ဒေါက်တာရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကု ဆရာဝန်ကြီး
Pg,84-86
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
